ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် ပင်လယ်သို ငါးဖမ်းမထွက်ကြရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေညာခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ငါးဖမ်းထွက်ခဲ့သည့် စက်လှေ ၁၁ စီး ပင်လယ်အတွင်း နစ်မြုပ်ခဲ့သည့်ဖြစ်စဥ်တစ်ခု ဩဂုတ် ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါနစ်မြုပ်ခဲ့သည့် စက်လှေများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲက လိုက်လံကယ်ဆယ်ခဲ့ရာ တံငါသည် ၁၂၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၃၄ ဦး ပျောက်ဆုံးလျက်ရှိသဖြင့် ဆက်လက်ရှာဖွေလျက်ရှိသည်ဟုဆိုသည်။

မုန်တိုင်း၏အရှိန်ကြောင့် ရာသီဥတုဆိုးရွားပြီး ကယ်ဆယ်ရေးအဖွဲများပင် ပင်လယ်သို မထွက်ရဲသည့်အခြေအနေ၌ ငါးဖမ်းသမားများအနေဖြင့် အစိုးရ၏ ကြေညာချက်ကို လိုက်နာမှုမရှိဘဲ ငါးဖမ်းထွက်ကြသဖြင့် ယခုကဲ့သို ဖြစ်ပွားရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။
#mhtnews