ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရွာငံမြိုနယ် နှင့် မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြိုနယ်စပ်တွင် တည်ထားသည့် မီးကျည်တောင်ပေါ်ဘုရားတွင်စခန်းချထားသည့် PDF အကြမ်းဖက်စခန်းတစ်ခုကို သြဂုတ်လ ၁၄ရက် နေလည်လောက်က ဖမ်းဆီးရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရှင်းလင်းမှုပြုလုပ်ရာတွင် PDF အကြမ်းဖက်အဖွဲဝင်များက ထွက်ပြေးတိမ်ရှောင်သွားခဲ့ခြင်းကြောင့် ၎င်းတိုအသုံးပြုနေသည့် လက်နက်ခဲယမ်းများကိုသာ သိမ်းဆည်းရခဲ့မီကြောင်းသိရသည်။

အဆိုပါလက်နက်ခဲယမ်းများမှာ ဒီတိုနီတာ ၁၁၆ ခု၊ ၁၂ဗိုကျည် ၆၂ ထောင့် ၊လက်လုပ် ၁၂ ဗိုသေနပ် ၁ လက် ၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ အမိုနီယမ်နိုက်တရိုက် ၂၀ ကီလိုဂရမ်ခန့် ၊ ယမ်းကြိုး ၁ ခွေ့နှင့် ရိက္ခာမျိုးစုံတိုကို သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။