ကချင်ပြည်နယ်၊ မိုးကောင်းမြိုနယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ (သြဂုတ် ၂၀ ရက်) မနက် ၇ နာရီခန့်က ကျောင်းသားအယောင်ဆောင်ထားတဲ့ အကြမ်းဖက်တစ်ဦးက ဆရာ၊ ဆရာမနားနေဆောင်အတွင်း ဝင်ရောက်ပြီး ဗုံးဖောက်ခွဲခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောင်းဝတ်စုံအဖြူအစိမ်းဝတ်ထားတဲ့ အကြမ်းဖက်သမားဟာ ကျောင်းအပြင်ကို ထွက်လာတာကြောင့် ဆရာ၊ ဆရာမတွေက မသင်္ကာမှုနဲ့ စစ်ဆေးဖိုခေါ်ယူစဥ်မှာ ထွက်ပြေးသွားခဲ့တယ်လို ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် အထက (၂)ရဲ့ ဆရာ၊ ဆရာမ နားနေဆောင်အတွင်းက ပစ္စည်းအချို ပျက်စီးခဲ့ပေမယ့် လူအထိအခိုက်မရှိခဲ့ဘူးလို သိရပါတယ်။
#mhtnews
Recent Comments