မလေးရှားနိုင်ငံ၌ အော်ပရာစီ စီမံချက်ဖြင့် စစ်ဆေးခဲ့ရာ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြိုရှိ တိုက်ခန်းများအတွင်းမှ တရားမဝင်လာရောက်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၁၅ ဦး အပါအဝင် နိုင်ငံခြားသား ၁၇၅ ဦးကို ဖမ်းမိကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ UNHCR ကတ် ကိုင်ဆောင်ထားသူများသည် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ခေါ်သွင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယခုဖမ်းဆီးရမိသူများထဲတွင် UNHCR က ထုတ်ပေးထားသော ဒုက္ခသည်ကတ် ကိုင်ဆောင်ကာ မိသားစုအလိုက် နေထိုင်ကြသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများကို ဆက်လက် စစ်ဆေးမေးမြန်းရန် စမန်နရီ (Semenyih) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာသို ပိုဆောင်ခဲ့ပြီး မလေးရှားလဝကဥပဒေများအရ အရေးယူသွာမည်ဖြစ်ကြောင်း သိရသည်။
#mhtnews