ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ ဘုရင့်နောင် (၃) ရပ်ကွက်၊ အင်းစိန်လမ်းမနဲ့ အောင်သိဒ္ဓိလမ်းဆုံမှာ ဒီကနေ့ (သြဂုတ် ၁၉ ရက်) မနက် ၁၁ နာရီကျော်အချိန်ခန့်မှာ အကြမ်းဖက်အုပ်စုက ဆူပူဆန္ဒပြပြီးထားခဲ့တဲ့ အရုပ်အတွင်းကနေ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို လုံခြုံရေးတပ်ဖွဲဝင်တွေက စစ်ဆေးခဲ့ရာမှာတော့ အဝတ်ပတ်ရုပ်အတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့တာကြောင့် စနစ်တကျ ဖောက်ခွဲရှင်းလင်းခဲ့တယ်လိုဆိုပါတယ်။

ဆူပူအကြမ်းဖက်သူတွေဟာ ဆန္ဒပြအပြီးမှာ ဗုံးပါဝင်တဲ့ အရုပ်တစ်ခုကို အောင်သိဒ္ဓိလမ်းဆုံအနီး ထားခဲ့တာဖြစ်ပြီး အဲဒီဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို သိရပါတယ်။
#mhtnews