မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြိုနယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း ၊ ခင်စောမူကွေ့အနီးမှာရှိတဲ့ Denko ဆီဆိုင်ကို ဒီကနေ့ (သြဂုတ် ၁၃ ရက်) ညနေ ၅ နာရီဝန်ကျင်ခန့်မှာ အကြမ်းဖက်အုပ်စုက လက်လုပ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာကြောင့် ဆီထည့်ဖို တန်းစီနေတဲ့ မော်တော်ယာဉ် တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို သိရပါတယ်။
အကြမ်းဖက် NUG နောက်မြီးဆွဲ ၂ ကောင်က ဆိုင်ကယ်တစ်စီးနဲ့လာရောက်ပြီး DENKO စက်သုံးဆီဆိုင်အတွင်းကို လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာလို ဆိုပါတယ်။
အဲဒီလက်လုပ်ဗုံးဟာ ဆီဆိုင်အတွင်း ဆီထည့်ဖိုတန်းစီနေတဲ့ TOYOTA WISH ငွေရောင်ကားအနီးသို ကျရောက်ပေါက်ကွဲခဲ့ပြီး ကားညာဘက် တခါး ရှေ့နောက် မှန် နှစ်ချပ်၊ ညာဘက်ဘေး လေကာမှန် တစ်ချပ်၊ ကား ညာဘက် ရှေ့-နောက် ဘီးနှစ်လုံးပေါက်၊ ကားယာဘက် ရှေ့နောက် တံခါးများ နှင့် ဆီဆိုင်ရှိ Mini Market မှန်တံခါး တစ်ချပ်ပျက်စီးခဲ့တယ်လို သိရပါတယ်။
#mhtnews
Recent Comments