မန္တလေးမြိုမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက် နံနက်ပိုင်းက အကြမ်းဖက် NUG လက်ပါးစေတွေရဲ့ အကြောင်းမဲ့သတ်ဖြတ်ခြင်းကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ ကိုစည်သူကိုကိုနဲ့ ဟိုတယ်မန်နေဂျာ မနှင်းဝေဝေလှိင်တိုအတွက် ဆုတောင်းပွဲတစ်ခုကို ဒီကနေ့ (သြဂုတ် ၂၇ ရက်) မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို မြိုခံတွေဆီက သိရပါတယ်။

အဆိုပါဆုတောင်းပွဲကို အကြမ်းဖက် NUG လက်ပါးစေတွေ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ဆုံးရှူးခဲ့ရတဲ့ မန္တလေး၊ ချမ်းအေးသာစံမြိုနယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း ၃၀ နဲ့ ၅၇ လမ်းထောင့်မှာ ပြုလုပ်ခဲ့တာလို ဆိုပါတယ်။

အဲဒီဆုတောင်းပွဲနဲ့အတူ အကြမ်းဖက်တိုက်ခိုက်မှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကိုပါ အကြမ်းဖက်မှုကို မလိုလားတဲ့ မန္တလေးမြိုခံ ပြည်သူအများအပြားက ပူးပေါင်းပါဝင် စုပေါင်းပြုလုပ်ခဲ့ကြတယ်လို သိရပါတယ်။
#mhtnews