မန္တလေးမြို၊ မဟာအောင်မြေမြိုနယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၅×၆၆ ကြား ၄၀×၄၁ ကြားရှိ နေအိမ်တစ်လုံးကို ယနေ့ (သြဂုတ် ၈ ရက်) မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲမှ သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ ၎င်းနေအိမ်အတွင်း စိုက်ပျိုးထားတဲ့ ဆေးခြောက်တွေနဲ့ တရားခံ ၇ ဦးကို လက်နက်နဲ့အတူ ဖမ်းဆရမိခဲ့ကြောင်း သိရသည်။
အဆိုပါနေအိမ်၏ အိပ်ခန်းနှစ်ခန်းအတွင်းမှ ဆေးခြောက်ပင်များကို မီးအလင်းရောင်အသုံးပြု၍ စိုက်ပျိုးထားကြောင်းတွေ့ရှိခဲ့သလို အိမ်အတွင်း၌ ဆေးခြောက်ဖြင့် ပြုလုပ်ထားသည့် ဆေးလိပ်များကိုလည်း တွေ့ရှိခဲ့သည်ဟုဆိုသည်။
ထိုနောက် နေအိမ်အတွင်း ဆက်လက်စစ်ဆေးရာ အမေရိကန်နိုင်ငံထုတ် SIG SAUER တံဆိပ်ပါ ၉ မမ ပစ္စတို ၁ လက်၊ ကျည် ၅ ထောင့်တိုကိုလည်း သိမ်းဆည်းရမိခဲ့ပြီး နေအိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည့် တရားခံ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတိုကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments