ဗဟိုဘဏ်က သတ်မှတ်ပေးလိုက်တဲ့ ဒေါ်လာဈေးကြောင့် ပဲစင်းငုံနီ တစ်တန်ကို ၃ သိန်းနီးပါးအထိ ဈေးနှုန်းမြင့်တက်လာတယ်လို ဈေးကွက်သတင်းတွေအရ သိရပါတယ်။

အလားတူပဲ မတ်ပဲ ဈေးဟာဆိုရဂ်လည်း ပြီးခဲ့တဲ့ သောကြာနေ့ကဈေးထက် တစ်တန်ကို ၁ သိန်းကျော်တက်လာပေမယ့် အရောင်းအဝယ်က မရှိ သလောက်ဖြစ်နေတယ်လို သိရပြီး ပဲစင်းငုံနီတွေလည်း လက်ကျန်မရှိတော့ဘူးလိုဆိုပါတယ်။

လက်ရှိ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ/RC) တစ်တင်း ၅၆၆၀၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်း ၆၆၇၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်း ၆၀၇၇၀ ကျပ်၊ ကုလားပဲလုံးဖြူ တစ်ပိဿာ ၂၅၈၀ မှ ၂၆၇၀ ကျပ်၊ စားတော်ပဲ တစ်ပိဿာ ၅၀၀၀ မှ ၅၅၈၅ ကျပ်၊ ပဲကြီး (ကုန်း၊ရွေကျွန်း) တစ်ပိဿာ ၃၈၂၅မှ ၄၆၀၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာ ၂၃၃၀ မှ ၂၈၃၅ ကျပ် အသီးသီး ပေါက်ဈေးရှိနေတယ်လို သိရပါတယ်။
#mhtnews