ကချင်ပြည်နယ် ဗန်းမော်မြို၌ ယနေ့ (သြဂုတ် ၁၀ ရက်) နံနက်ပိုင်းက နေရာ ၃ ခုတွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဥ်များအတွင်း ပါဝင်ပတ်သက်ခဲ့သူ အကြမ်းဖက်သမား ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဗန်းမော်မြို စုပေါင်းရုံးနှင့် ရဲဝန်ထမ်းအိမ်ယာ၊အင်းဝဘဏ်အနီးတိုတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုပေါင်းရုံး ဗုံးပေါက်ကွဲမှုကြောင့် ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရုံးရှိ ဆိုင်ကယ်ရပ်နားရာ နေရာမှ ဆိုင်ကယ်များ မီးလောင် ပျက်စီးခဲ့သည်။

ယင်းပေါက်ကွဲမှုဖြစ်စဥ်များနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲဝင်များမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖောက်ခွဲမှုပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်တစ်ဦးကို ဖမ်းမိရာမှ ၎င်း၏ဖော်ထုတ်ချက်အရ အကြမ်းဖက်သင်တန်းဆင်း ၃ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆရမိသူများမှာ အောင်သူရ (ခ) သက်ရှင် (၁၉)နှစ်၊ ပြည့်ဖြိုးလှိင် (၁၆)နှစ်၊ သန်းမင်းဦး (၃၃)နှစ် (နောက်ကျောကျည်ထိမှန်ဒဏ်ရာရရှိသူ)နှင့် အသက် ၃၀ ခန့်အရွယ် အမည်မသိ (သေဆုံး) တိုဖြစ်ကြောင်း သိရသည်။
#mhtnews