ကချင်ပြည်နယ်၊ဖားကန့်ဒေသ၊ မနကျေးရွာအနီး၌ လူ ၅ ဦးလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ရေစီးနှင့်မျှောပါကာ ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်းပြုတ်ကျသော်လည်း အချိန်မီ ကယ်ဆယ်လိုက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်လာကြကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အိမ်စီးကား ရေစီးနှင့် မျောပါနေသည်ကို ဟော်ဟစ်အကူအညီတောင်းကြရာမှ အနီးပတ်ဝန်းကျင်ရှိ ရေမဆေးကျောက်ရှာဖွေသူများက သွားရောက်ကယ်ဆယ်ခဲ့ကြရာ ကားအတွင်းလိုက်ပါလာသူများမှာ မေ့မျောနေသည်ကို တွေ့ရှိကယ်တင်နိုင်ခဲ့ကာ ဆေးရုံသို ပိုဆောင်ပေးခဲ့သည်ဟုဆိုသည်။
ထိုသို လူများကို ကယ်တင်ပြီးချိန်၌ ကားမှာ လုပ်ကွက်ဟောင်းအတွင်း ထိုးကျသွားခဲ့ရာ လက်ရှိတွင် အဆိုပါကားကိုပါ ဆယ်ယူရရှိထားပြီး ဆေးရုံတွင် ရောက်ရှိနေသူများမှာလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments