ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း လိုင်စင်အသစ်တွေကို ခွင့်ပြုပေးမှာဖြစ်ပြီး လိုင်စင်လျှောက်ထားလိုသူတွေအနေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကုမ္ပဏီမန်နေဂျာကိုယ်တိုင်လက်မှတ်ရေးထိုးပြီး လျှောက်ထားနိုင်တယ်လို အလုပ်သမားညွန် ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လျှောက်ထားရာမှ ရင်းနှီးမြုပ်နှံမူနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမူနဲ့ကုမ္ပဏီများညွန်ကြားမူဦးစီးဌာနမှ ထုတ်ပေးထားတဲ့ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ထားစဥ်က တင်ပြအတည်ပြုထားတဲ့ ကုမ္ပဏီProfile ၊ကုမ္ပဏီဒါရိုက်တာအဖွဲဝင်တွေရဲ့ အစည်းအဝေးမှတ်တမ်းတို တင်ပြလျှောက်ထားရမယ်လို ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီမန် နေဂျင်းဒါရိုက်တာတစ်ဦးတည်းနာမည်နဲ့ ကျပ်သိန်းတစ် ထောင်တန်ဖိုးရှိတဲ့မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းပိုင်ဆိုင်မှူစာရင်း၊ အထောက်အထားတင်ပြရမှာဖြစ်တဲ့အပြင် ၎င်းတစ်ဦးတည်းအမည်နဲ့ အနည်းဆုံး ကျပ်သိန်း ၁,၀၀၀ ကို ထည့်သွင်းစုဆောင်းစေပြီးအကျိုးဆောင်လိုင်စင်ရပြီးနောက် ယင်းငွေထည့်သွင်းထားကြောင်းအထောက်အထားကို ဌာနသို ခြောက်လကြာ လစဥ်တင်ပြရမယ်လို သိရပါတယ်။
#mhtnews