မြန်မာနိုင်ငံအတွင်းက ထွက်ရှိတဲ့ သစ်သီးဝလံများကို ပြည်ပသိုတင်ပိုရာ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လထိ ၄ လတာအတွင်း အမေရိကန်ဒေါ်လာ ၄၅ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းများအရသိရပါတယ်။

မြန်မာ့သစ်သီး၀လံတွေဖြစ်တဲ့ တစ်သျှူးငှက်ပျော၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ အုန်းသီး၊ မက်မန်းသီး၊ ထောပတ်သီး၊ ပန်းသီး ၊ မင်းကွတ်သီး၊ နာနတ်သီး စတာတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို အဓိကထားတင်ပိုနေရကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၂ ရက်ထိကို သစ်သီးဝလံများအား ပြည်ပနိုင်ငံများသို တင်ပိုမှု အခြေအနေမှာ တစ်သျှူး ငှက်ပျောတန်ချိန် ၉၅၀၀၀ တန်၊ သရက်သီးတန်ချိန် ၁၅၀၀၀ တန်၊ ဖရဲသီးတန်ချိန် ၁၀၄၀၀ တန်၊ သခွားမွှေးတန်ချိန် ၃၃၀၀ ကျော်၊ အုန်းသီးတန်ချိန် ၁၉၂ တန်အပါအဝင် အခြားသစ်သီး၀လံတင်ပိုမှု တန်ချိန် ၁၂၀၀၀၀ ကျော်ဖြစ်တယ်လို သိရပါတယ်။
#mhtnews