မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြိုနယ်၊ ကုန်းသာကျေးရွာအနီးမှာ အကြမ်းဖက် NUG လက်ပါးစေတွေထောင်ထားတဲ့ လက်လုပ်မိုင်းတွေကို ယမန်နေ့ (သြဂုတ် ၁၉ ရက်) နေ့လည်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲက ရှင်းလင်းဖယ်ရှားခဲ့တယ်လို သိရပါတယ်။
အကြမ်းဖက်အုပ်စုဟာ အရပ်သားတွေ သွားလာလှုပ်ရှားရာနေရာဖြစ်တဲ့ ကုန်းသာကျေးရွာအနီးမှာ မိုင်းတွေထောင်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲက သွားရောက်စစ်ဆေးခဲ့ရာမှာ လက်လုပ်မိုင်းကြီး ၂ လုံး၊ဆိုင်ကယ်ဘက်ထရီ ၂ လုံးတွဲလျက် ၃ ခု(၆ လုံး)နဲ့ ဝါယာကြိုးခွေ ၃ ခွေ တိုကို တွေ့ရှိခဲ့ရတယ်လို ဆိုပါတယ်။
အဆိုပါမိုင်းတွေကို ကျေးရွာနေသူများ အန္တရာယ်မဖြစ်စေဖိုအတွက် လုံခြုံရေးတပ်ဖွဲဝင်တွေက စနစ်တကျ ဖယ်ရှားရှင်းလင်းပြီး ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ်လို သိရပါတယ်။
#mhtnews
Recent Comments