နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုရင် သူတိုကြောင့် သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပြန်လည်မေးခွန်းခဲ့တယ်လို နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မစ္စနိုလင်းဟေဇာက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မှာ နစကဥက္ကဋ္ဌနဲ့တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို တောင်းဆိုခဲ့တဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးက ယခုလို မေးခွန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် နိုလင်းဟေဇာက ဖမ်းဆီးထားတဲ့အထဲမှာ ကလေးငယ်တွေ ပါနေရင်လည်း ပြန်လွှတ်ပေးဖို တောင်းဆိုတာနဲ့ပတ်သက်လို ဗိုလ်ချုပ်မှူးကြီးက မိမိတို အရေးယူဖမ်းဆီးထိန်းသိမ်းထားတဲ့အထဲမှာ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ် လူငယ်အနည်းစုပါဝင်ပြီး ၎င်းတိုအပေါ် အသက်ညှာဆုံးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြန်လည်ရှင်းလင်းပြောဆိုခဲ့တယ်လို သိရပါတယ်။
#mhtnews
Recent Comments