နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်၏ ဖိတ်ခေါ်မှုအရ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးရန် လားဟူဒီမိုကရက်တစ်ပါတီ (LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့ (ဩဂုတ် ၂၁ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ချင်းမိုင်မြိုမှတဆင့် တာချီလိတ်မြိုသို ရောက်ရှိလာပြီး နေပြည်တော်သို ဆက်လက်ထွက်ခွာသွားမည် ဖြစ်ကြောင်း သိရသည်။
ရောက်ရှိလာသည့်ကိုယ်စားလှယ်အဖွဲအား စစ်ဗျူဟာ အဖွဲ (အခြေချ)တာချီလိတ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ဦးဆောင်သော နယ်မြေခံတပ်မတော်သားများ၊ ခရိုင်ရဲတပ်ဖွဲမှူး ဒုရဲမှူးကြီး ဇော်လင်းအောင် နှင့် ဌာနဆိုင်ရာ အဖွဲဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ LDU အဖွဲသည် ပထမအကြိမ်အဖြစ် ဇူလိုင် (၇)ရက်နေ့နှင့် ဇူလိုင် (၈)ရက်နေ့တိုတွင် နစကဥက္ကဋ္ဌအပါအဝင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနှင့်ပါ တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။
#mhtnews
Recent Comments