မဲလိမ်မဲခိုးမှုတွေကနေ အခြေခံပြီး အမှုပေါင်းများစွာ ပေါ်ပေါက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က သူမအပေါ် ယခုထက်ပိုတဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ပေမယ့် သက်ညှာစွာ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်မှာ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ ပြောဖိုအချိန်စောလွန်းနေသေးတယ်လို ပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တို တွေ့ဆုံခဲ့စဥ်မှာ ယခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် မိမိတိုအနေနဲ့ ဥပဒေနဲ့အညီသာ ဆောင်ရွက်သွားမှာဖြစ်ပြီး ဥပဒေအရတရားစီရင်မှုကိစ္စတွေ ပြီးသွားတဲ့အခါ မိမိတိုရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို တုံပြန်လာမှုတွေအပေါ်မူတည်ပြီး သူမအပေါ် စဉ်းစားဆောင်ရွက်သွားမယ်လိုလည်း ပြောဆိုခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်သားတစ်ယောက် ဖြစ်နေပေမယ့် သူ့အပေါ် အထူးအခွင့်အရေးပေးထားပြီး နေအိမ်နဲ့မခြားတဲ့ အဆောင်အယောင်တွေနဲ့ ထားရှိဆောင်ရွက်ပေးထားတယ်လို သိရပါတယ်။
#mhtnews
Recent Comments