နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်းနဲ့ လဲလည်ခြင်းတိုအတွက် ဈေးနှုန်းသတ်မှတ်ရာမှာ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းနဲ့ ၀ ဒဿမ ၃ ရာခိုင်နှုန်း ကွာဟမှုအတွင်း အရောင်းအဝယ်ပြုလုပ်ကြဖို မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒီကနေ့ရက်စွဲနဲ့ ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်(AD) လိုင်စင်ရ ဘဏ်များ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလည်ခွင့် လိုင်စင်(MC) လိုင်စင်ရ ဘဏ်များ၊ MC လိုင်စင်ရကုမ္ပ ဏီများအားလုံး အဆိုပါ ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ကြဖို ဖော်ပြပါရှိပါတယ်။
အဆိုပါ သတ်မှတ်ချက်ကို ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတိုအရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းလည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#mhtnews
Recent Comments