ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေကွက်တွေ မတရားရယူခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု ၄ မှု အတွက် မနက်ဖြန် ဩဂုတ် ၁၅ ရက်မှာ နေပြည်တော်အကျဥ်းထောင် အထူးတရားရုံးကနေ အမိန့်ချဖို ရှိတယ်လို အမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။
အဲဒီလို မနက်ဖြန်မှာ အမိန့်ချဖိုရှိနေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တာပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မနက်ဖြန်မှာ မတရားနည်းနဲ့ ရဟတ်ယာဉ်ငှားရမ်းဝယ်ယူထားတဲ့ အဂတိအမှုတွေကိုလည်း ဆက်စစ်ဆေးခံရဖိုရှိနေသလို နိုင်ငံတော်လျှိဝှက်ချက်အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုတွေအပြင် ပြစ်ဒဏ်ကြီး ချမှတ်နိုင်တဲ့ အဂတိအမှုတွေပါ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
#mhtnews
Recent Comments