ထိုင်းနိုင်ငံ ကန်ချနဘူရီက အီလက်ထရောနစ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၀၀ ဦးကို နှစ်နိုင်ငံသဘောတူစာချုပ် MOU Zero Cost (အခမဲ့စနစ်)နဲ့ ပဉ္စမမြောက်အုပ်စုအဖြစ် ယနေ့ (သြဂုတ် ၁၀ ရက်)မှာ ထပ်မံစေလွှတ်ခဲ့တယ်လို သိရပါတယ်။

အဆိုပါ မြန်မာလုပ်သား အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၈၀ ဦးတိုကို ကော့သောင်းခရိုင် ရွှေဝက်ဝံတံတားကနေတစ်ဆင့် ကော့သောင်း – ရနောင်း ရေလမ်းကြောင်းအတိုင်း စေလွှတ်ခဲ့တာလိုဆိုပါတယ်။

အဲဒီအလုပ်သမားတွေဟာ ထိုင်းစက်ရုံတွေမှာ တစ်ရက်ကို လုပ်အားခ ဘတ် ၃၂ဝ နဲ့ တရားဝင်အလုပ်လုပ် ကိုင်ခွင့်ရမှာဖြစ်ပြီး ယခုနှစ် ဇူလိုင်ကနေ ဩဂုတ်လအတွင်း MOU Zero Cost စနစ်နဲ့ ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကနေ သွားရောက်တဲ့ မြန်မာအလုပ်သမား ၅၀၄ ဦး ရှိပြီလို သိရပါတယ်။
#mhtnews