ထိုင်းနိုင်ငံ၊ ရနောင်းမြိုမှာရှိတဲ့ အဆောက်အဦးတစ်ခုမှာ ပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၆ ဦးကို ထိုင်းအလုပ်အကိုင်ဌာနမှာ စာရင်းသွင်းပေးပြီး အလုပ်အမြန်ဆုံးရဖို ကူညီပေးနေတယ်လို မြန်မာအလုပ်သမား သံအရာရှိရုံးက ဒီကနေ့ (သြဂုတ် ၁၂ ရက်)မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ မြန်မာလုပ်သားတွေဟာ Border Pass(နှစ်နိုင်ငံသဘောတူနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်)ကိုင်ဆောင်ထားသူတွေဖြစ်ကြပြီး ရနောင်းက အဆောက်အဦးတစ်ခုမှာ ပိတ်မိနေကြောင်းကို သူတိုရဲ့ ဆွေမျိုးတစ်ဦးက ဘန်ကောက်အလုပ်သမားသံအရာရှိကို အခုလ ၉ ရက်နေ့မှာ ဆက်သွယ်ခဲ့တာလိုဆိုပါတယ်။
လက်ရှိမှာ ပိတ်မိနေတဲ့မြန်မာလုပ်သားတွေအတွက် ရနောင်းအလုပ်သမားသံအရာရှိက စားသောက်ဖွယ်ရာအချိုကို ထောက်ပံ့ပေးခဲ့ပြီး အလုပ်ရရှိတဲ့အချိန်အထိ ကျွေးမွေးနိုင်ဖို တာဝန်ရှိသူတွေဆီ မေတ္တာရပ်ခံခဲ့တယ်လိုလည်း သိရပါတယ်။
#mhtnews
Recent Comments