တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများအား ပြန်လည် လက်ခံလျက်ရှိရာ ယနေ့( သြဂုတ် ၁၈ ရက်) တွင် Re-entry လုပ်သား(၃၇)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၁)ဦး စုစုပေါင်း (၁၆၈)ဦး တိုကို ထပ်မံစေလွှတ်ခဲ့သည် ဟုသိရသည်။

အဆိုပါလုပ်သားများသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိခဲ့ရာ ဆိုးလ်မြိုရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိကကြိုဆိုခဲ့သည်။

ထိုသိုရောက်ရှိလာသူများအား မြန်မာသံအရာရှိက အလုပ်သမား များသိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်ဟု ဆိုးလ်မြိုရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews