တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများကို ပြန်လည် လက်ခံလျက်ရှိရာ ယနေ့ (သြဂုတ် ၁၁ ရက်)တွင် မြန်မာလုပ်သားသစ် (၁၀၇) ဦးတိုကို ထပ်မံစေလွှတ်ပေးခဲ့ရသည်ဟု သိရသည်။
အဆိုပါ မြန်မာလုပ်သားများသည် တောင်ကိုရီးယားနိုင်ငံ၌ ကုန်ထုတ်လုပ်သားသစ်အဖြစ် ဝင်ရောက် လုပ်ကိုင်ကြမည်ဖြစ်သည်။
ရန်ကုန်မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို ရောက်ရှိလာခဲ့သော မြန်မာလုပ်သားများကို ဆိုးလ်မြိုရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments