ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ (၁၆) ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာအနီးမှာ ဒီကနေ့ (သြဂုတ် ၇ ရက်) မနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က အကြမ်းဖက်အုပ်စုတွေထောင်ထားတဲ့ လက်လုပ်မိုင်းတစ်ခုဟာ ရထားဖြတ်သန်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို အနီးနေသူတွေဆီက သိရပါတယ်။

အဆိုပါပေါက်ကွမှုဟာ တိုးကြောင်းကလေးဘူတာအနီး တံတားအမှတ် ၁၅ အောက်ကနေ အမှတ် (၁) အဆန်စာပိုရထားဖြတ်သန်းစဥ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စာပိုရထားအောက်ခြေကြမ်းခင်း တစ်လက်မခန့်ပေါက်ပြဲပြီး ဇလီဖားတုံးတစ်တုံးပျက်စီးခဲ့တယ်လိုဆိုပါတယ်။

အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲက လာရောက်ရှင်းလင်းရာမှာ တံတားအောက်က မပေါက်ကွဲသေးတံ လက်လုပ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့တာကြောင့် ဖယ်ရှားရှင်းလင်းခဲ့ပြီး ရထားဟာ နံနက် ၁၀ နာရီဝန်းကျင်မှာ ဆက်လက်ထွက်ခွာသွားတယ်လို သိရပါတယ်။
#mhtnews