တာချီလိတ်မြို (လွယ်တော်ခမ်းရပ်ကွက်) မှာ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ်ကျော်လာပြီဖြစ်လို ပြည်သူများ ကြိုတင်သိရှိနိုင်အောင် မြစ်ရေအခြေအနေသတိပေးချက် ထုတ်ပြန်ထားတယ်လို ဒေသခံတွေဆီက သိရပါတယ်။

ယနေ့ (သြဂုတ် ၁၂ ရက်) မြန်မာစံတော်ချိန် မနက် ၉ နာရီအချိန်တိုင်းထွာချက်များအရ မယ်ဆိုင်မြစ်ရေဟာ တာချီလိတ်မြိုရဲ့ စိုးရိမ်ရေမှတ်မှာ ရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက် ၁ ရက်အတွင်း ၂ ပေခန့်အထိ ဆက်လက်မြင့်တက်နိုင်တယ်လို မိုးလေဝသနှင့် ဇလ ေဗဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြစ်ရေအခြေအနေသတိပေးမှုနဲ့အတူ တာချီလိတ်မြိုနယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာနေထိုင်သူတွေအနေနဲ့ အထူးသတိပြုဖိုကိုလည်း အကြံပြုထုတ်ပြန်ထားပါတယ်။
#mhtnews