ရှမ်းပြည်နယ်၊ တာချီလိတ်မြို ရေကြီးမှုဖြစ်စဥ်အတွင်း တောင်ကျရေစီးနဲ့အတူ ကားတစ်စီးမှာ မျောပါသွားခဲ့ပြီး အဆိုပါကားအတွင်း ပါသွားခဲ့တဲ့ ဦးမောင်မောင်အေး (၄၄) နှစ်ဟာ သေဆုံးသွားခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ တာချီလိတ်မြို၊ ဆေးခမ်းရပ်ကွက်၊ ဦးထွန်းအောင်တံတားအနီးမှာ မနေ့က နေ့လည် ၃ နာရီခွဲအချိန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေစီးနောက် မျောပါသွားတဲ့ကားကို မီးသတ်တပ်ဖွဲဝင်များ၊ လူမှုကူညီရေးအသင်းများနဲ့ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ ည ၇ နာရီ ၂၀ မိနစ်ခန့်မှာ ကားကိုရှာတွေ့ခဲ့ပေမယ့် ယာဥ်မောင်း ဦးမောင်အေးမှာသေဆုံးခဲ့တာဖြစ်ပါတယ်။

တာချီလိတ်မြိုမှာ သြဂုတ် ၈ ရက်နေ့လည် ၁ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ရပ်ကွက်များရှိ လူနေအိမ်များအတွင်းနဲ့ ကားလမ်းများပေါ်အထိ ရေကျော်မှုများဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
#mhtnews