တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ဩဂုတ်လ (၇) ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဘေဂျင်းမြိုမှ ကူမင်းမြိုသို အစည်းဝေးတစ်ခု တက်ရောက်ရန် သွားရောက်စဉ် နှလုံးရောဂါကြောင့် ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရသည်။

၎င်း၏ဝမ်းနည်းကြောင်းစာလွှာရေးသားခြင်းအခမ်းအနား ကို တရုတ်နိုင်ငံ ဘေဂျင်းမြိုရှိ မြန်မာသံရုံးတွင် ဩဂုတ်(၉)ရက်မှ (၁၁) ရက်အထိ နံနက် (၁၀) နာရီမှ (၁၂) ရီအတွင်းနှင့် နေ့လည် (၂) နာရီမှ ညနေ (၄) နာရီအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာသံရုံးက သတင်း ထုတ်ပြန်ထားသည်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ထံ ပေးအပ်၍ တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ယင်းတာဝန်ကို မထမ်းဆောင်မီ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်၊ မြန်မာသံရုံးများတွင် သံတမန်နှင့် ပါတ်သတ်သည့် ရာထူးအဆင့်ဆင့်၊ နိုင်ငံရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
#mhtnews