စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြိုမှာ NUG အကြမ်းဖက်အုပ်စုရဲ့ လက်ပါးစေတွေက နယ်စပ်ကုန်သည်တစ်ဦးရဲ့နေအိမ်ကို ယမန်နေ့ (သြဂုတ် ၁၃ ရက်) ည ၈ နာရီအချိန်ခန့်မှာ ဓားပြတိုက်သွားကြတယ်လို သိရပါတယ်။
ဓားပြတိုက်ခံရသူဟာ တမူးမြို၊ စန္ဒကူးရပ်ကွက်၊ ဝင်းဝင်းရေခဲမုန့်လမ်းကြားမှာနေထိုင်တဲ့ ခေါ်ရခါးလူမျိုး ကုန်သည်တစ်ဦးဖြစ်ပြီး သေနတ်ကိုင်ထားတဲ့ NUG အကြမ်းဖက် လက်ပါးစေ ၅ ယောက်က ဓားပြတိုက်ကာ ငွေကျပ် သိန်း ၈၀၀ ကျော်နဲ့ ရွှေ ၁၀ ကျပ်သားခန့်ကို ယူဆောင်သွားကြတယ်လို ဆိုပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက သေနတ်ကိုင် ဓားပြတိုက်စားလာတဲ့ NUG အကြမ်းဖက်အုပ်စုရဲ့ လက်ပါးစေတွေကို ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်စစ်ဆေးနေတယ်လို သိရပါတယ်။
#mhtnews
Recent Comments