တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများကို ပြန်လည် ခေါ်ယူလျက်ရှိရာ ယနေ့ (သြဂုတ် ၉ ရက်)တွင် မြန်မာလုပ်သားသစ် ၁၄၉ ဦး ထပ်မံ စေလွှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လုပ်သားများထဲမှ လုပ်သားသစ် ၁၄ ဦးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြမည်ဖြစ်ပြီး လုပ်သားသစ် ၁၃၅ ဦးတိုမှာ ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း ဆိုးလ်မြိုရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်သားသစ် (၁၄၉)ဦး တိုသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြိုမှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်ဟု သိရသည်။
#mhtnews