ရာသီဥတုဆိုးရွားမှုကြောင့် စက်ချိုယွင်းပြီး စစ်တွေ၊ ပွိင့်ကမ်းခြေဘက်သို မျောပါလာသည့်စက်လှေတစ်စင်းကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ပရဟိတအသတစ်ဦးပျောက်ဆုံးနေင်းမှ ယမန်နေ့ (သြဂုတ် ၁၃ ရက်) ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်တွင် ကယ်တင်လိုက်နိုင်သော်လည်း တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
အဆိုပါ စက်လှေကို ပိုင်ရှင် ဦးသန်းထွန်း ဆိုသူမှ မောင်းနှင်ပြီး စစ်တွေမြို၊ မိဇံရပ်ကွက်၊ ရန်ပြေမာန်ပြေဘုရားကြီးအနီး ဆိပ်ကမ်းမှ သံဃာ ၁ ပါး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတိုကို တင်ဆောင်၍ ပေါက်တောမြိုနယ်၊ တောင်ဦးမော်ရွာသို ပြန်လာစဉ် ပွိင့်ကမ်းခြေအနီး စက်ချိုယွင်းပြီး မျောပါလာခြင်းဖြစ်သည်။
ယက်းဖြစ်စဥ်အတွင်း ခရီးသည် ၆ ဦးကို ကယ်တင်လိုက်နိုင်သော်လည်း စက်လှေမောင်းနှင်သူ ဦးသန်းထွန်းမှာ ပွိင့်ကမ်းခြေနှင့် မီတာ ၃ဝဝ ခန့်အကွာ၌ လှိင်းပုတ်မှုကြောင့် စက်လှေပေါ်မှပြုတ်ကျကာ ပျောက်ဆုံးလျက်ရှိသဖြင့် ပရဟိတအသင်းများနှင့် စေတနာရှင်များက ကမ်းခြေတစ်လျှောက် လိုက်လံရှာဖွေလျက်ရှိသည်ဟု သိရသည်။
#mhtnews
Recent Comments