ရခိုင်ပြည်နယ်၊ စစ်တွေမြိုပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သံဃာများနှင့် သာမဏေများပါဝင်သည့် သံဃာအပါး ၅၀၀ တိုအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ၏ ဦးဆောင်မှုဖြင့် ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲသို ရခိုင်ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လှူမှုရေးအသင်းအဖွဲများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ကြပြီး ဆွမ်း၊ ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။

ထိုသို ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ဝါတွင်းကာလ လပြည့်နေ့မတိုင်မီ အဖိတ်နေ့တိုင်းတွင် စုပေါင်းလောင်းလှူနိုင်ရန် စီစဉ်ထားရှိသည်ဟု သိရှိရသည်။
#mhtnews