စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုပေါ်မှာ စက်သုံးဆီ အရောင်းဆိုင် ၂၀ ကျော်ရှိတဲ့အနက် ကံတလူဘုရားမုခ်ဦးအနီး စစ်ကိုင်း- ရွှေဘို- မုံရွာ အဝေးပြေးလမ်းမကြီးဘေးမှာရှိတဲ့ BOC ဆိုင်တစ်ဆိုင်သာ ရောင်းချပေးနေတယ်လို ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ (သြဂုတ် ၁၃ ရက်) မနက်ပိုင်းကပဲ ကျွန်တော် ကားဆီသွားဖြည့်တာ။ ဆိုင်တော်တော်များများက လုံးဝမရောင်းဘဲ ပိတ်ထားတယ်။ အဲဒါနဲ့ လိုက်ရှာတော့ BOC ဆိုင်တစ်ခုပဲ ရောင်းနေတာတွေ့လို အဲ့မှာဆီဝင်ဖြည့်ပြီး မြိုအနှံလိုက်ကြည့်တာ တစ်ဆိုင်မှမဖွင့်ဘူး” လို မြိုခံတစ်ဦးက MHT ကိုပြောပါတယ်။
ရောင်းပေးနေတဲ့ BOC ဆိုင်မှာလည်း လိုချင်သလောက်မရဘဲ ကားတစ်စီးကို ၃ သောင်းကျပ်ဖိုးပဲ ရောင်းပေးနေတာလို သိရပြီး ပိတ်ထားတဲ့ဆိုင်တွေက ဘာအကြောင်းပြချက်နဲ့ ပိတ်ထားတယ်ဆိုတာတော့ မသိရဘူးလို ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
#mhtnews
Recent Comments