စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ ချိုင်းကြီးကျေးရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးမြင့်ကြွယ်၏ မိသားစုဝင်များကို အကြမ်းဖက် NUG လက်ပါးစေများက သြဂုတ် ၉ ရက်တွင် နေအိမ်အတွင်းထည့်၍ မီးရှိသတ်ဖြတ်ခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် NUG လက်ပါးစေ အင်အား ၂၀ ဦးခန့်သည် သြဂုတ် ၉ ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ချိုင်းကြီးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးမြင့်ကြွယ်၏နေအိမ်သိုရောက်ရှိလာပြီး ယောက္ခထီးဖြစ်သူ ဦးသန်းအေး ကို သေနတ်ဖြင့်ပစ်သတ်ကာ ဦးမြင့်ကြွယ်၏ ဇနီးနှင့် သမီး ၂ ဦးရှိနေသည့် နေအိမ်ကို မီးရှိသွားခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် ဦးမြင့်ကြွယ်၏ ဇနီးနှင့် သမီး ၂ ဦး၏ ရုပ်အလောင်းကိုပင် ရှာမရသေးသည့်အပြင် လုံခြုံရေးတပ်ဖွဲဝင်များအနေဖြင့်လည်း အခင်းဖြစ်ပွားရာနေရာသို သွားရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
#mhtnews