စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ တလိုင်းကျေးရွာမှာ သြဂုတ် ၇ ရက်နေ့က အကြမ်းဖက်တွေပစ်သတ်လို သေဆုံးသွားသူရဲ့နာရေးကို သွားခဲ့တဲ့ ဆရာတော်တစ်ပါး အကြမ်းဖက်တွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို ရဲတပ်ဖွဲသတင်းအရ သိရပါတယ်။

ဖမ်းဆီးခံရသူ ဆရာတော်ဟာ စစ်ကိုင်းမြို၊ ပန်းပဲတန်းရပ်ကွက်၊ ဂူကြီးကျောင်းမှ ခန်းနေဆရာတော် ဦးတေဇိန္ဒ သက်တော် (၄၉) နှစ်၊ ဝါတော် (၂၉) ဝါဖြစ်ပြီး တလိုင်းကျေးရွာနေ ဦးလေးတော်စပ်သူ ဦးနိုင်ထွန်း ၏နာရေးသို ကိုတရုတ်ကြီး၊ ယာဥ်မောင်း ဦးဝင်းဆွေတိုနှင့်အတူ တလိုင်းကျေးရွာသို သွားရောက်ခဲ့ပြီးအပြန်တွင် အကြမ်းဖက်များမှ အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထိုနောက် ကိုတရုတ်ကြီးနှင့် ယာဥ်မောင်း ဦးဝင်းဆွေတိုကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဆရာတော်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲများအနေဖြင့် အခင်းဖြစ်နေရာသို သွားရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
#mhtnews