စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်မှာ ဒီကနေ့ (သြဂုတ် ၁၂ ရက်) နံနက် ၇ နာရီအချိန်ခန့်က စာသင်ဖို ကျောင်းကိုသွားတဲ့ အလယ်တန်းပြကျောင်းဆရာတစ်ဦးကို အကြမ်းဖက် NUG လက်ပါးစေများက သေနတ်နဲ့ပစ်သတ်ပြီး ဆိုင်ကယ်ကို ယူဆောင်သွားကြတယ်လို ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ စစ်ကိုင်းမြိုနယ်၊ ထန်းဖူးတောကျေးရွာမှာနေထိုင်တဲ့ ဦးဝင်းဆန်းဦး (၄၀)နှစ် ဖြစ်ပြီး ဒီကနေ့မနက်ပိုင်းက ၎င်းနေထိုင်ရာကျေးရွာကနေ တာဝန်ကျရာ ဆားတောင် အခြေခံပညာအထက်တန်းကျောင်းကို စာသင်ဖို တစ်ဦးတည်း ဆိုင်ကယ်နဲ့ သွားရောက်စဥ် ကျားမင်းကြီးကျေးရွာအနီး၊ အထက (ခွဲ) ရှေ့မှာ အပစ်ခံပြီး သေဆုံးခဲ့တာလို ဆိုပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ရုပ်အလောင်းကို ရွာဓလေ့အတိုင်း မီးသင်္ဂြိုလ်သွားမှာဖြစ်ပြီး ၎င်းဖြစ်စဥ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ သတင်းပေးပိုထားပေမယ့် လုံခြုံရေးအခြေအနေကြောင့် သွားရောက်နိုင်ခြင်းမရှိသေးဘူးလို သိရပါတယ်။
#mhtnews