စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်များကို ကိုယ်ကျိုးစွန့်၍ စွမ်းစွမ်းတမံဆောင် ရွက်ခဲ့သူသည့် လုံခြုံရေးတပ်ဖွဲဝင်များအာ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ (သြဂုတ် ၁၃ ရက်) နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနား၌ တပ်မတော်သား ၂၇ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင် ၂ ဦး၊ ပြည်သူ့စစ် (ဌာနေ) အဖွဲဝင် ၂၁ ဦး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဝင် ၄ ဦးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှဝန်ထမ်း ၂ ဦး၊ စုစုပေါင်း ၅၆ ဦးတိုအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ>>> သလ္လာရွှေမြေ
#mhtnews
Recent Comments