စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကြမ်းဖက်သများက အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှိဖျက်ဆီးမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြိုနယ်၊ ခေမာသီဝံ ကျောင်းတိုက်သို ယာယီပြောင်းရွှေ့ရောက်ရှိလာသည့် အကြမ်းဖက်ဘေးရှောင် ပြည်သူများအား ယမန်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆန်၊ ဆီနှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီပြောင်းရွှေ့ရောက်ရှိလာသောပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ယာယီပြောင်းရွှေ့ရောက်ရှိလာသည့် အိမ်ထောင်စု ၇၂ စုတိုအတွက် ဆန်၊ ဆီနှင့် အသုံးအဆောင်ပစ္စည်းများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ပြီး အကြမ်းဖက်ဘေးရှောင် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments