စက်သုံးဆီလက်ဝယ်ထားရှိပြီး ပြန်လည်ရောင်းခြင်းမရှိသည့်ဆိုင်များနှင့် အကန့်အသတ်ဖြင့်ရောင်းချနေသည့်ဆိုင်များကို အရေးယူမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားချက်စာတစ်စောင်ကို သြဂုတ်လ ၁၃ ရက်နေ့စွဲဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါညွှန်ကြားချက်သည် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းကြီးကြပ်ရေးထိန်းသိမ်းရေးကော်မတီကို ပေးပိုသည့်စာဖြစ်ကြောင်းသိရသည်။

ယင်းညွှန်ကြားစာတွင် စက်သုံးဆီဈေးကျရန်နှင့် ပြတ်လက်မှုမရှိအောင် ဖြည့်တင်းနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ၊ ဈေးပြောင်းလဲမှုကိုတွက်ချက်ပြီး စက်သုံးဆီပြတ်လတ်နေကြောင်း ၊ လက်ကျန်နည်းနေကြောင်းတိုကို အကြောင်းပြပြီး အရောင်းရပ်ထားခြင်း နှင့် အကန့်အသတ်ဖြင့်ရောင်းချလျက်ရှိသည့်ဆိုင်များကို စီစစ်အရေးယူမည်ဖြစ်ကြောင်းတိုပါရှိသည်။