နစကအနေနဲ့ ငွေကျပ်ဘီလီယံ ၄၀၀ ကို အသစ်ထပ်မံရိုက်နှိပ်လိုက်တာကြောင့် နိုင်ငံအတွင်း ငွေးကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး ပြည်ဖျက်မီဒီယာတွေရဲ့ ဝါဒဖြန့်မှုနဲ့ပတ်သက်လို သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မမှန်ကြောင်း ပြောဆိုလိုက်ပါတယ်။

“အချိုသောပြည်ဖျက်မီဒီယာတွေ အနေနဲ့ ဒီကျပ်ဘီလီယံ ၄၀၀ ကို ငွေစက္ကူအသစ်တွေရိုက်နှိပ်ထုတ်ဝေတာတို ငွေကြေးဖောင်းပွအောင်လုပ်တာတို အံ့သြဖွယ်သိရှိရပါတယ် ကျွန်တော်တို ပြောချင်တာတော့ ဒီကျပ်ဘီလီယံ ၄၀၀ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိမ်းချုပ်ကုသရေးအတွက် ယခင်ကနေ သီးသန့်ထားရှိခဲ့တဲ့ ငွေများဖြစ်ကြောင်း နဲ့ ဒါကို အကျိုးရှိရှိအသုံးချနိုင်ရေးဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောလိုပါတယ်။” ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
#mhtnews