မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြိုနယ်အတွင်း က ဧရိယာအကျယ်အဝန်း ၈၄၀၀ ဧကရှိတဲ့ နယ်မြေကို “ပေါ်လယ်-ဝက်ချီပါ ကြိုးပြင်ကာကွယ်တော” အဖြစ် ဩဂုတ် ၈ ရက် မှစတင် သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

၎င်းဒေသကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ရတာဟာ ကာကွယ်တောအနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများရဲ့ စိုက်ပျိုးမြေများမှာ ရေရရှိနိုင်တဲ့ ရေဝေရေလဲဒေသကို ထိန်းသိမ်းဖို၊ ဒေသခံပြည်သူများရဲ့ လိုအပ်ချက် များကို ဖြည့်ဆည်းပေးဖိုနဲ့ သဘာဝတောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ဖို ဖြစ်တယ်လို ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြစ်သာမြစ်အတွင်း စီးဝင်တဲ့ ပေါ်လယ်ချောင်းမကြီးရဲ့ ရေဝေရေလဲဧရိယာဖြစ်လို သစ်တောသယံဇာတများကို စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်ဖိုအတွက် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်တယ်လိုလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#mhtnews