ခန္ဓာကိုယ်အ ပေါ်ပိုင်း အဝတ်မပါဘဲ ကပြခဲ့တဲ့ အကမယ်တစ်ဦးရဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံရောက်ရှိခဲ့ပြီးတဲ့နောက်မှာ အာဏာပိုင်တွေက သူမကို ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့တယ်လို သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ၊ ပထွမ်ထနီပြည်နယ်မှာရှိတဲ့ အရက်ဆိုင်တစ်ဆိုင်တစ်ခုမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ထိုင်းအကမယ် Oi Roijube ဆိုသူက အ ပေါ်ပိုင်းအဝတ်မပါဘဲ ဖောက်သည်တွေကို ကပြ ဖျော် ဖြေခဲ့တာကြောင့် ရဲတပ်ဖွဲက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၅၀၀၀ ကို မနေ့က ချမှတ်လိုက်တာဖြစ်ပါတယ်။

အဲဒီအကမယ်ကလည်း သူ့အနေနဲ့ ပြီးခဲ့တဲ့ဘဇူလိုင် ၃၁ ရက် ည ၁၁ နာရီခွဲခန့်မှာ အရက်ဆိုင်သိုလာသူလူတစ်စုရဲ့ မွေးနေ့ပွဲတစ်ခုမှာ အ ပေါ်ဝတ်မပါဘဲ ကပြခဲ့ ကြောင်း ဝန်ခံခဲ့ပြီး “ဝမ်ချိုင်း” လိုလူသိများ တဲ့ အဲဒီအရက်ဆိုင်ပိုင်ရှင်ကိုလည်း လိုင်စင်မဲ့ နိုပ်ကလပ်ဖွင့်မှုနဲ့ အမှုဖွင့်ထားတယ်လို Khaosod သတင်းဖော်ပြမှုအရ သိရပါတယ်။
#mhtnews