ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်၊ ဟိုပင်မြို၊ ကြာကြီးကွင်းကျေးရွာမှာ အကြမ်းဖက်အဖွဲဝင် အမျိုးသားတစ်ဦးကို သစ္စာဖောက်ဆိုပြီး ၎င်းအကြမ်းဖက်သမားတွေကပဲ ယနေ့ (သြဂုတ် ၂၁ ရက်) နေ့လည် ၂နာရီ ခွဲချိန်မှာ နေအိမ်အထိ ပစ်သတ်ခဲ့ကြတယ်လို ဒေသတွင်းသတင်းများအရ သိရပါတယ်။

သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးမောင် (ခ) ဘမောင် ဆိုသူဖြစ်ပြီး သူ့အနေနဲ့ တောတွင်းမှာရှိတဲ့ အကြမ်းဖက်အဖွဲတွေအတွက် ထောက်ပို တာဝန်ယူထားသူဖြစ်တယ်လိုဆိုပါတယ်။

အဆိုပါ ဘမောင်ဆိုသူဟာ ဆန်၊ ဆီ၊ ဆား၊ ငွေကြေးတိုကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်အုပ်စုတွေဆီ ပြည့်ပြည့်ဝဝမပေးတာကြောင့် ယခုလို လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို ကျေးရွာနေ ပြည်သူအချိုက ပြောဆိုကြောင်း ဒေသဆိုင်ရာ သတင်းဖော်ပြမှုအရ သိရပါတယ်။
#mhtnews