ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြိုနယ်၊ စက်ဆန်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်းရှိ ကျူးကျော်နေအိမ်တစ်ခုအနီး၌ ယနေ့ (သြဂုတ် ၁၉ ရက်) ညနေ ၄ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်အုပ်စုမှ လက်လုပ်မိုင်းစမ်းသပ်စဥ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး အကြမ်းဖက် ၆ ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲသတင်းအရ သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို လုံခြုံရေးတပ်ဖွဲမှ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းကျူးကျော်နေ ဖြိုးဝေ (၂၂)နှစ်၏ နေအိမ်အနောက်ဘက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါနေအိမ်အနီး ဝါးတံတားပေါ်၌ အသက်(၂၅)နှစ်ခန့် အကြမ်းဖက်သမား (၁)ဦးကို ဗုံးထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

ထိုအပြင် နေအိမ်ဘေး ကိုင်းတောအတွင်းမှ အသက် (၂၅)နှစ်ခန့်ရှိ အကြမ်းဖက်သမား (၅)ဦးကိုလည်း ပွင့်ထွက်ဒဏ်ရာများ၊ စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံ တွေ့ရှိခဲ့ပြီး အိမ်ပိုင်ရှင် ဖြိုးဝေကို နေအိမ်တွင် တွေ့ရှိခြင်း မရှိသဖြင့် စုံစမ်းစိစစ်လျက်ရှိကြောင်း သိရသည်။
#mhtnews