တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပါချန်မြစ်ကမ်းဘေးမှာ ယနေ့ (သြဂုတ် ၈ ရက်) မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်က ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာကို ကော့သောင်းမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ကား ၂ စီး၊ ရေသယ်ကား ၁ စီးတိုနဲ့ သွားရောက်ငြိမ်းသတ်ခဲ့ကြရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လိုဆိုပါတယ်။

မီးလောင်မှုကြောင့် ငါးဖမ်းစက်လှေပေါ်ပါ အမျိုးသား ၁ ဦးသေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့အပြင် အမျိုးသား ၁ ဦးမှာလည်း ပျောက်ဆုံးနေတာကြောင့် မီးသတ်တပ်ဖွဲဝင်များ၊ လူမှုကူညီရေးအသင်းများနဲ့ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို သိရပါတယ်။
#mhtnews