ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာနိုလင်းဟေဇာဟာ ဒီကနေ့ (သြဂုတ် ၁၆ ရက်)မှာ သူ့ရဲ့ပထမဆုံးမြန်မာနိုင်ငံခရီးစဉ် စတင်လိုက်ပြီဖြစ်တယ်လိုကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
၎င်းရဲ့ခရီးစဥ်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူ့ရဲ့လုပ်ပိုင်ခွင့်အရ တခြားဦးစားပေး ကဏ္ဍတွေမှာ အာရုံစိုက်သွားမှာဖြစ်တယ်လို ယင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုလင်းဟေဇာဟာ နေပြည်တော်မှာ အစည်းအဝေးတွေပြုလုပ်သွားဖိုရှိတယ်လိုသိရပြီး မနက်ဖြန် (သြဂုတ် ၁၇ ရက်)မှာ နစက အကြီးအကဲတွေအပြင်သက်ဆိုင်ရာဝန်ကြီးတွေနဲ့ပါ တွေ့ဆုံသွားမယ်လိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှုအရ သိရပါတယ်။
#mhtnews
Recent Comments