“လူ့အခွင့်အရေးကောင်စီ၏မူဝါဒများကို ၎င်းကောင်စီ ကိုယ်တိုင်လိုက်နာရန်ပျက်ကွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်”

လူ့အခွင့်အရေးကောင်စီသည် ၎င်း၏မူဝါဒများနှင့် ရည်ရွယ်ချက်များကို လိုက်နာခြင်း မရှိတော့ဘဲ နိုင်ငံအချို၏ထိန်းချုပ်ခြင်းခံရကာ နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ၎င်းတိုလိုလားသည့် လမ်းကြောင်းအတိုင်း ဖြစ်ပေါ်စေရန်ဆောင်ရွက်သည့် စင်မြင့်တစ်ရပ်ဖြစ်လာသည်ကို စိတ်အနှောင့်အယှက်ဖြစ်ဖွယ်တွေ့ရကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်အပြည့်အစုံမှာ

“ဂျီနီဗာမြို၌ ၁၃-၆-၂၀၂၂ မှ ၈-၇-၂၀၂၂ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀)မြောက် ပုံမှန်အစည်းအဝေးကာလတွင် မြန်မာနိုင်ငံအတွက် အထောက်အကူမဖြစ်သော ဆွေးနွေးပွဲများစွာ ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။ ယင်းဆွေးနွေးပွဲများတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ (အိုအိုင်စီ)မှ တင်သွင်းခဲ့သော ဆုံးဖြတ်ချက် အဆိုအရ ၁၄-၆-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံချက်အပေါ် အပြန်အလှန်ဆွေးနွေးပွဲနှင့် ၁၅-၆-၂၀၂ ရက်တွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ ဖြစ်ပွားစေသည့် အကြောင်းရင်းများ” ခေါင်းစဉ်ပါ ဆွေးနွေးပွဲနှင့် ဥရောပသမဂ္ဂ (အီးယူ)မှ တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ ၂၉-၆-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ၏နှုတ်ဖြင့် အစီရင်ခံချက်အပေါ် အပြန်အလှန် ဆွေးနွေးပွဲတိုပါဝင်သည်။ ထိုပြင် အိုအိုင်စီက တင်သွင်းသော “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို ၇-၇-၂၀၂၂ ရက်တွင် လူ့အခွင့် အရေးကောင်စီက အတည်ပြုချမှတ်ခဲ့သည်။ လူ့အခွင့်အရေးကောင်စီသည် ပူးပေါင်းဆောင်ရွက် ခြင်းနှင့်ညှိနှိင်းဆွေးနွေးခြင်း မူများကို ဆန့်ကျင်၍ သက်ဆိုင်ရာနိုင်ငံပါဝင်ခြင်းမရှိဘဲ ယင်းတိုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဂျီနီဗာမြိုရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ယင်းဆွေးနွေးပွဲ အသီးသီးနှင့် ဆုံးဖြတ်ချက်အဆိုတိုအပေါ် တုံပြန်ကန့်ကွက်ချက်များအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

လူ့အခွင့်အရေးကောင်စီ၏ အထက်ပါအပြုအမူများကို ကြည့်ခြင်းဖြင့် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ အတူတကွနေထိုင်သည့် မြန်မာနိုင်ငံရှိ ပြည်သူများအကြား လူ့အခွင့်အရေး အရေခြုံ၍ စိတ်ဝမ်းကွဲပြားမှုများနှင့် မယုံကြည်မှုများဖြစ်ပေါ်စေရန် ရွေးချယ်ပစ်မှတ်ထားနေသည့် အတိုင်းအတာကို ထင်ရှားစေသည်။ လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို ကိုယ်တိုင်ကပင် မမှန်ကန်သောစွပ်စွဲချက်များ၊ နိုင်ငံရေးနှင့် ဘာသာရေး သက်ဝင်သော အသုံးအနှုန်းများဖြင့် အမုန်းတရားဖြစ်ပေါ်စေသည်။ ယင်းဆုံးဖြတ်ချက်အဆိုနှင့် ဆွေးနွေးပွဲများသည် ၂၀၁၇ ခုနှစ်တွင် လူအများအပြား နေရပ်စွန့်ခွာမှု ဖြစ်ပေါ်စေခဲ့သည့် အကြမ်းဖက်မှုများကိုလည်းကောင်း၊ ကော့ဘဇားရှိ စခန်းများတွင် လှုပ်ရှားနေသော အာဆာ ခေါ် အာကွာမူ မူဂျာဟီဒင် ဆိုသည့်အဖွဲက နေရပ်ပြန်လည်ပိုဆောင်ရေးလုပ်ငန်းစဉ်ကို လိုလားသူများအား ဆက်လက် သတ်ဖြတ်နေမှုများကိုလည်းကောင်း ဖုံးကွယ်ထားသည်။

မြန်မာနိုင်ငံသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ကိုက်ညီသူများကို လူမျိုးဘာသာ မခွဲခြားဘဲ သင့်လျော်သည့် နိုင်ငံသားအဆင့်အတန်းပေးလျက်ရှိသည်။ သိုရာတွင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း မှတ်တမ်းများတွင် မရှိခဲ့သည့် ဖန်တီးထားသော “ရိုဟင်ဂျာ” အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ ထိုကဲ့သိုအသုံးအနှုန်း သုံးစွဲမှုကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြအပ်သည်။

လူ့အခွင့်အရေးကောင်စီသည် ၎င်း၏မူဝါဒများနှင့် ရည်ရွယ်ချက်များကို လိုက်နာခြင်း မရှိတော့ဘဲ နိုင်ငံအချို၏ထိန်းချုပ်ခြင်းခံရကာ နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ၎င်းတိုလိုလားသည့် လမ်းကြောင်းအတိုင်း ဖြစ်ပေါ်စေရန်ဆောင်ရွက်သည့် စင်မြင့်တစ်ရပ်ဖြစ်လာသည်ကို စိတ်အနှောင့်အယှက်ဖြစ်ဖွယ်တွေ့ရသည်။ သိုဖြစ်ရာ သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အထက်ပါကိစ္စများ ဆောင်ရွက်ရန် လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ခဲ့သည်ကို မြန်မာနိုင်ငံက ထပ်လောင်းကန့်ကွက်သည်။ ၇-၇-၂၀၂၂ ရက်တွင် စာရွက်စာတမ်းအမှတ် A/HRC/50/L21 ပါ ဆုံးဖြတ်ချက် အဆို(မူကြမ်း)ကို အတည်ပြုချမှတ်ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးသောအသုံးအနှုန်းများ ပါဝင်သည့် အဆို(မူကြမ်း) တစ်ခုလုံးကို ကန့်ကွက်ပယ်ချလိုက်သည်။” ဟူ၍ဖြစ်သည်။

#mhtnews

(Zawgyi)

“လူ႕အခြင့္အေရးေကာင္စီ၏မူဝါဒမ်ားကို ၎ေကာင္စီ ကိုယ္တိုင္လိုက္နာရန္ပ်က္ကြက္ေနေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာနထုတ္ျပန္”

လူ႕အခြင့္အေရးေကာင္စီသည္ ၎၏မူဝါဒမ်ားႏွင့္ ရည္႐ြယ္ခ်က္မ်ားကို လိုက္နာျခင္း မရွိေတာ့ဘဲ နိုင္ငံအခ်ိဳ၏ထိန္းခ်ဳပ္ျခင္းခံရကာ နိုင္ငံမ်ား၏ ျပည္တြင္းေရးကိစၥမ်ားတြင္ ၎တိုလိုလားသည့္ လမ္းေၾကာင္းအတိုင္း ျဖစ္ေပၚေစရန္ေဆာင္႐ြက္သည့္ စင္ျမင့္တစ္ရပ္ျဖစ္လာသည္ကို စိတ္အႏွောင့္အယွက္ျဖစ္ဖြယ္ေတြ႕ရေၾကာင္း နစက နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ယင္းထုတ္ျပန္ခ်က္အျပည့္အစုံမွာ

“ဂ်ီနီဗာၿမိဳ၌ ၁၃-၆-၂၀၂၂ မွ ၈-၇-၂၀၂၂ ရက္အထိ က်င္းပခဲ့သည့္ ကုလသမဂၢ လူ႕အခြင့္အေရးေကာင္စီ၏ အႀကိမ္(၅၀)ေျမာက္ ပုံမွန္အစည္းအေဝးကာလတြင္ ျမန္မာနိုင္ငံအတြက္ အေထာက္အကူမျဖစ္ေသာ ေဆြးႏြေးပြဲမ်ားစြာ က်င္းပခဲ့သည္ကို ေတြ႕ရွိရသည္။ ယင္းေဆြးႏြေးပြဲမ်ားတြင္ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ (အိုအိုင္စီ)မွ တင္သြင္းခဲ့ေသာ ဆုံးျဖတ္ခ်က္ အဆိုအရ ၁၄-၆-၂၀၂၂ ရက္တြင္ က်င္းပခဲ့သည့္ လူ႕အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး၏ ႏႈတ္ျဖင့္ အစီရင္ခံခ်က္အေပၚ အျပန္အလွန္ေဆြးႏြေးပြဲႏွင့္ ၁၅-၆-၂၀၂ ရက္တြင္ က်င္းပခဲ့သည့္ ျမန္မာနိုင္ငံရွိ ရိုဟင္ဂ်ာ မြတ္ဆလင္မ်ားႏွင့္ အျခားလူနည္းစုမ်ားအေပၚ လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားႏွင့္ ဖိႏွိပ္မႈမ်ား ျဖစ္ပြားေစသည့္ အေၾကာင္းရင္းမ်ား ေခါင္းစဥ္ပါ ေဆြးႏြေးပြဲႏွင့္ ဥေရာပသမဂၢ (အီးယူ)မွ တင္သြင္းခဲ့ေသာ ဆုံးျဖတ္ခ်က္အဆိုအရ ၂၉-၆-၂၀၂၂ ရက္တြင္ က်င္းပခဲ့သည့္ ျမန္မာနိုင္ငံလူ႕အခြင့္အေရးအေျခအေနဆိုင္ရာ အထူးအစီရင္ခံစာတင္သြင္းသူ ၏ႏႈတ္ျဖင့္ အစီရင္ခံခ်က္အေပၚ အျပန္အလွန္ ေဆြးႏြေးပြဲတိုပါဝင္သည္။ ထိုျပင္ အိုအိုင္စီက တင္သြင္းေသာ ျမန္မာနိုင္ငံရွိ ရိုဟင္ဂ်ာ မြတ္ဆလင္မ်ားႏွင့္ အျခားလူနည္းစုမ်ား၏ လူ႕အခြင့္ အေရးအေျခအေန ေခါင္းစဥ္ပါ ဆုံးျဖတ္ခ်က္အဆိုတစ္ရပ္ကို ၇-၇-၂၀၂၂ ရက္တြင္ လူ႕အခြင့္ အေရးေကာင္စီက အတည္ျပဳခ်မွတ္ခဲ့သည္။ လူ႕အခြင့္အေရးေကာင္စီသည္ ပူးေပါင္းေဆာင္႐ြက္ ျခင္းႏွင့္ညွိႏွိင္းေဆြးႏြေးျခင္း မူမ်ားကို ဆန႔္က်င္၍ သက္ဆိုင္ရာနိုင္ငံပါဝင္ျခင္းမရွိဘဲ ယင္းတိုကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။ ဂ်ီနီဗာၿမိဳရွိ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္႐ုံးက ယင္းေဆြးႏြေးပြဲ အသီးသီးႏွင့္ ဆုံးျဖတ္ခ်က္အဆိုတိုအေပၚ တုံျပန္ကန႔္ကြက္ခ်က္မ်ားအား ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

လူ႕အခြင့္အေရးေကာင္စီ၏ အထက္ပါအျပဳအမူမ်ားကို ၾကည့္ျခင္းျဖင့္ လူမ်ိဳးေပါင္းစုံႏွင့္ ဘာသာေပါင္းစုံ အတူတကြေနထိုင္သည့္ ျမန္မာနိုင္ငံရွိ ျပည္သူမ်ားအၾကား လူ႕အခြင့္အေရး အေရၿခဳံ၍ စိတ္ဝမ္းကြဲျပားမႈမ်ားႏွင့္ မယုံၾကည္မႈမ်ားျဖစ္ေပၚေစရန္ ေ႐ြးခ်ယ္ပစ္မွတ္ထားေနသည့္ အတိုင္းအတာကို ထင္ရွားေစသည္။ လူ႕အခြင့္အေရးေကာင္စီက ခ်မွတ္ခဲ့သည့္ ဆုံးျဖတ္ခ်က္အဆို ကိုယ္တိုင္ကပင္ မမွန္ကန္ေသာစြပ္စြဲခ်က္မ်ား၊ နိုင္ငံေရးႏွင့္ ဘာသာေရး သက္ဝင္ေသာ အသုံးအႏႈန္းမ်ားျဖင့္ အမုန္းတရားျဖစ္ေပၚေစသည္။ ယင္းဆုံးျဖတ္ခ်က္အဆိုႏွင့္ ေဆြးႏြေးပြဲမ်ားသည္ ၂၀၁၇ ခုႏွစ္တြင္ လူအမ်ားအျပား ေနရပ္စြန႔္ခြာမႈ ျဖစ္ေပၚေစခဲ့သည့္ အၾကမ္းဖက္မႈမ်ားကိုလည္းေကာင္း၊ ေကာ့ဘဇားရွိ စခန္းမ်ားတြင္ လႈပ္ရွားေနေသာ အာဆာ ေခၚ အာကြာမူ မူဂ်ာဟီဒင္ ဆိုသည့္အဖြဲက ေနရပ္ျပန္လည္ပိုေဆာင္ေရးလုပ္ငန္းစဥ္ကို လိုလားသူမ်ားအား ဆက္လက္ သတ္ျဖတ္ေနမႈမ်ားကိုလည္းေကာင္း ဖုံးကြယ္ထားသည္။

ျမန္မာနိုင္ငံသည္ ၁၉၈၂ ျမန္မာနိုင္ငံသားဥပေဒႏွင့္ ကိုက္ညီသူမ်ားကို လူမ်ိဳးဘာသာ မခြဲျခားဘဲ သင့္ေလ်ာ္သည့္ နိုင္ငံသားအဆင့္အတန္းေပးလ်က္ရွိသည္။ သိုရာတြင္ ျမန္မာနိုင္ငံ၏ ဥပေဒႏွင့္ သမိုင္းေၾကာင္း မွတ္တမ္းမ်ားတြင္ မရွိခဲ့သည့္ ဖန္တီးထားေသာ ရိုဟင္ဂ်ာ အသုံးအႏႈန္းကို အသိအမွတ္မျပဳေၾကာင္း ထပ္ေလာင္းေဖာ္ျပအပ္သည္။ ထိုကဲ့သိုအသုံးအႏႈန္း သုံးစြဲမႈကိုလည္း ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း ေဖာ္ျပအပ္သည္။

လူ႕အခြင့္အေရးေကာင္စီသည္ ၎၏မူဝါဒမ်ားႏွင့္ ရည္႐ြယ္ခ်က္မ်ားကို လိုက္နာျခင္း မရွိေတာ့ဘဲ နိုင္ငံအခ်ိဳ၏ထိန္းခ်ဳပ္ျခင္းခံရကာ နိုင္ငံမ်ား၏ ျပည္တြင္းေရးကိစၥမ်ားတြင္ ၎တိုလိုလားသည့္ လမ္းေၾကာင္းအတိုင္း ျဖစ္ေပၚေစရန္ေဆာင္႐ြက္သည့္ စင္ျမင့္တစ္ရပ္ျဖစ္လာသည္ကို စိတ္အႏွောင့္အယွက္ျဖစ္ဖြယ္ေတြ႕ရသည္။ သိုျဖစ္ရာ သက္ဆိုင္ရာနိုင္ငံမပါဝင္ဘဲ အထက္ပါကိစၥမ်ား ေဆာင္႐ြက္ရန္ လူ႕အခြင့္အေရးေကာင္စီက ဆုံးျဖတ္ခဲ့သည္ကို ျမန္မာနိုင္ငံက ထပ္ေလာင္းကန႔္ကြက္သည္။ ၇-၇-၂၀၂၂ ရက္တြင္ စာ႐ြက္စာတမ္းအမွတ္ A/HRC/50/L21 ပါ ဆုံးျဖတ္ခ်က္ အဆို(မူၾကမ္း)ကို အတည္ျပဳခ်မွတ္ရာတြင္ ျမန္မာနိုင္ငံက ပါဝင္ပတ္သက္ျခင္းမရွိဘဲ နိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ ဂုဏ္သိကၡာကို ထိပါးေသာအသုံးအႏႈန္းမ်ား ပါဝင္သည့္ အဆို(မူၾကမ္း) တစ္ခုလုံးကို ကန႔္ကြက္ပယ္ခ်လိဳက္သည္။” ဟူ၍ျဖစ္သည္။

#mhtnews