စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်၊ ညောင်ပင်သာကျေးရွာအနီးရွှေဘို-ရေဦးသွားကားလမ်းပေါ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲမှ ဇူလိုင် ၂၁ ရက်တွင် သတင်းအရ ယာဉ်အမှတ် YGN/1E-3354 နံပါတ်ပါ Mark-II အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ တရားခံ ၃ ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲသတင်းအရ သိရသည်။

ဖမ်းဆီးရမိသူများမှာ ခင်ဦးမြိုနယ်၊ ကားဆိပ်ကျေးရွာနေ ယာဥ်မောင်းဖြစ်သူ သဲကိုအောင်၊ ခင်ဦးမြိုနယ်၊ မူးသာကျေးရွာနေ ဇော်ဝင်းအောင်နှင့် အေးနန္ဒာ ဆိုသူတိုဖြစ်သည်ဟုဆိုသည်။

၎င်းတိုထံမှ တူရကီနိုင်ငံထုတ် ၁၂ ဗိုကျည်ဖြင့် ပစ်ခတ်ရသော မောင်းပြန်သေနတ် ၂ လက်၊ ၁၂ ဗိုကျည် ၁၂ တောင့်ဝင် ကျည်အိမ်အရှည် ၂ ခု၊ ၆ တောင့်ဝင် ကျည်အိမ်အတို ၄ ခု၊ ၁၂ ဗိုကျည် ၈၀ တောင့်နှင့် ငွေစက္ကူရောရာ ၃,၅၀၀,၀၀၀ ကျပ်တိုကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
#mhtnews

(Zawgyi)



#mhtnews