ပုပ္ပါးတောင်ဒေသကို ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်အဖြစ် အဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ယမန်နေ့ကပြုလုပ်သည့် အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် အလားအလာကောင်းများ ပိုင်ဆိုင်သည့်နေရာ အများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် ထူးခြားသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ်ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ် ၂ ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုးများရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး သတ်မှတ်တည်ထောင်မည့် ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ်ကို ဘူမိနယ်မြေ ၁၄ ခုဖြင့် ကနဦး တည်ထောင်ရန် လျာထားကြောင်း သိရသည်။
#mhtnews

(Zawgyi)

ပုပၸါးေတာင္ေဒသကို ကမာၻ႔အဆင့္ ဘူမိဥယ်ာဥ္အျဖစ္ အဆိုမျပဳမီ အမ်ိဳးသားအဆင့္ ဘူမိဥယ်ာဥ္အျဖစ္ ဦးစြာသတ္မွတ္ႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ေျပာၾကားသည္။

ယမန္ေန႔ကျပဳလုပ္သည့္ အမ်ိဳးသားအဆင့္ ဘူမိဥယ်ာဥ္ဆိုင္ရာေကာ္မတီ (၂/၂၀၂၂) အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ကမာၻ႔ဘူမိဥယ်ာဥ္အျဖစ္ သတ္မွတ္ခံရႏိုင္ေရးအတြက္ အလားအလာေကာင္းမ်ား ပိုင္ဆိုင္သည့္ေနရာ အမ်ားအျပားရွိသည့္အနက္ ပုပၸါးေတာင္ေဒသသည္ ထူးျခားေသာ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား၊ ပုဂံေခတ္ေရွးေဟာင္းသံခ်က္ဖိုမ်ား၊ ထူးျခားေသာ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားႏွင့္ အစြယ္ ၂ ထပ္ဆင္၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေမး႐ိုးမ်ားရွိေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

ျမန္မာႏိုင္ငံတြင္ ပထမဆုံး သတ္မွတ္တည္ေထာင္မည့္ ပုပၸါးေတာင္ အမ်ိဳးသားဘူမိဥယ်ာဥ္ကို ဘူမိနယ္ေျမ ၁၄ ခုျဖင့္ ကနဦး တည္ေထာင္ရန္ လ်ာထားေၾကာင္း သိရသည္။
#mhtnews