မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့နည်းကျဆင်းလာသဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို မဖြစ်မနေတပ်ဆင်ရမည့်နေရာများမှအပ ကျန်နေရာများ၌ ဖြေလျော့ပေးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ကြေညာခဲ့သည်။

ထိုသို့ ဖြေလျော့ပေးရာတွင် အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှိနေချိန်နှင့် အများပြည်သူအသုံးပြုသည့် ကား၊မီးရထား၊သင်္ဘော၊လေယာဉ်အစရှိသည့် ယာဉ်များဖြင့် ခရီးသွားလာရာ၌ မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ကာ အများပြည်သူ ဝင်/ထွက်သွားလာအသုံးပြုသည့် ဆေးရုံ/ကျန်းမာရေးဌာနများ၊ရုံးများ၊ကျောင်းများ၊ဈေးဝယ်စင်တာများ၊ဘိုးဘွား ရိပ်သာနှင့်လူထူထပ်သည့်နေရာများ၊လူအများနှင့်အတူရှိနေချိန်တို့တွင်လည်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာချေခြင်း၊နှာစေးခြင်း၊လည်ချောင်းနာခြင်း၊ကိုယ်လက်မအီ မသာဖြစ်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ရုတ်တ ရက်အနံ့အရသာပျောက်ဆုံးခြင်းစသည့် ကိုဗစ်(၁၉)ရောဂါ သံသယလက္ခဏာတစ်ခုခုရှိပါကလည်း နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ထားရမည်ဖြစ်သည်။

ဖော်ပြပါနေရာများ၊ သတ်မှတ်ချက်များနှင့် ကင်းလွတ်သော နေရာများတွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ႏွာေခါင္းစည္း(Mask)တပ္ဆင္ျခင္းကို မျဖစ္မေနတပ္ဆင္ရမည့္ေနရာမ်ားမွအပ က်န္ေနရာမ်ား၌ ေျဖေလ်ာ့ေပးလိုက္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္”

ျမန္မာနိုင္ငံ၌ ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမႈႏွင့္ ေသဆုံးမႈႏႈန္း ေလ်ာ့နည္းက်ဆင္းလာသျဖင့္ က်န္းမာ ေရးဝန္ႀကီးဌာနမွ ႏွာေခါင္းစည္း (Mask) တပ္ဆင္ျခင္းကို မျဖစ္မေနတပ္ဆင္ရမည့္ေနရာမ်ားမွအပ က်န္ေနရာမ်ား၌ ေျဖေလ်ာ့ေပးလိုက္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ယမန္ေန႕တြင္ ေၾကညာခဲ့သည္။

ထိုသို႔ ေျဖေလ်ာ့ေပးရာတြင္ အခန္းတြင္း၌ လူတစ္ဦးႏွင့္တစ္ဦးနီးကပ္စြာရွိေနခ်ိန္ႏွင့္ အမ်ားျပည္သူအသုံးျပဳသည့္ ကား၊မီးရထား၊သေဘၤာ၊ေလယာဥ္အစရွိသည့္ ယာဥ္မ်ားျဖင့္ ခရီးသြားလာရာ၌ မျဖစ္မေနတပ္ဆင္ရမည္ျဖစ္ကာ အမ်ားျပည္သူ ဝင္/ထြက္သြားလာအသုံးျပဳသည့္ ေဆး႐ုံ/က်န္းမာေရးဌာနမ်ား၊႐ုံးမ်ား၊ေက်ာင္းမ်ား၊ေဈးဝယ္စင္တာမ်ား၊ဘိုးဘြား ရိပ္သာႏွင့္လူထူထပ္သည့္ေနရာမ်ား၊လူအမ်ားႏွင့္အတူရွိေနခ်ိန္တို႔တြင္လည္း ႏွာေခါင္းစည္း (Mask)ကို တပ္ဆင္ထားရမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ဖ်ားနာျခင္း၊ေခ်ာင္းဆိုးျခင္း၊ႏွာေခ်ျခင္း၊ႏွာေစးျခင္း၊လည္ေခ်ာင္းနာျခင္း၊ကိုယ္လက္မအီ မသာျဖစ္ျခင္း၊ကိုယ္လက္ကိုက္ခဲျခင္း၊႐ုတ္တ ရက္အနံ႕အရသာေပ်ာက္ဆုံးျခင္းစသည့္ ကိုဗစ္(၁၉)ေရာဂါ သံသယလကၡဏာတစ္ခုခုရွိပါကလည္း ႏွာေခါင္းစည္း(Mask)ကို မျဖစ္မေနတပ္ဆင္ထားရမည္ျဖစ္သည္။

ေဖာ္ျပပါေနရာမ်ား၊ သတ္မွတ္ခ်က္မ်ားႏွင့္ ကင္းလြတ္ေသာ ေနရာမ်ားတြင္ ႏွာေခါင္းစည္း(Mask) တပ္ဆင္ျခင္းကို ေျဖေလွ်ာ့ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

#mhtnews