စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဝါသီးနှံနဲ့ ဝါဂွမ်းတိုကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က)အရလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်စွဲပါ အမိန့်အမှတ် ၂၉/၂၀၂၂ တိုအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရလည်းကောင်း ကျင့်သုံးပြီး အရေးကြီးကုန်စည်တစ်ခုအဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်တာနဲ့အညီ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သိုမဟုတ် ဈေးကစားဖို ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းမပြုဖိုကိုပါ တားမြစ်လိုက်တာဖြစ်လို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရအရေးယူခြင်းခံရမှာဖြစ်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဝါသီးနှံနဲ့ ဝါဂွမ်းတိုကို တင်ပိုမှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှုတိုနဲ့စပ်လျဉ်းပြီး အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနထံ အခွင့်အာဏာ အပ်နှင်းထားတယ်လို သိရပါတယ်။
#mhtnews

(ZAWGYI)

“ဝါသီးနှံနဲ့ ဝါဂွမ်းတို့ကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး တားမြစ်မိန့် ထုတ်ပြန်”

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဝါသီးနှံနဲ့ ဝါဂွမ်းတို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က)အရလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်စွဲပါ အမိန့်အမှတ် ၂၉/၂၀၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရလည်းကောင်း ကျင့်သုံးပြီး အရေးကြီးကုန်စည်တစ်ခုအဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်တာနဲ့အညီ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းမပြုဖို့ကိုပါ တားမြစ်လိုက်တာဖြစ်လို့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရအရေးယူခြင်းခံရမှာဖြစ်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဝါသီးနှံနဲ့ ဝါဂွမ်းတို့ကို တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှုတို့နဲ့စပ်လျဉ်းပြီး အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနထံ အခွင့်အာဏာ အပ်နှင်းထားတယ်လို့ သိရပါတယ်။
#mhtnews